နတ်မောက် ၃၀ မတ်

 

နတ်မောက်မြို့နယ်တွင် မတ်လ(၂၈)ရက်နေ့က အမျိုးသားတစ်ဦးသည် အက်ဆစ်ဘူးကို ရေဘူးထင်၍ မှားသောက်မိခဲ့သောကြောင့် သေဆုံးသွားခဲ့ကြောင်း စိုင်ကောင်းနယ်မြေရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၂၈ ရက်နေ့ ည ၇ နာရီခန့်က နတ်မောက်မြို့နယ်၊ မဲချောင်းကျေးရွာနေ ဦးတင်သောင်း၊ ၅၅နှစ်သည် အက်ဆစ်သောက်မိ၍ သေဆုံးသွားကြောင်းသတင်းအရ စိုင်ကောင်းနယ်မြေရဲစခန်းမှ ရဲအုပ် သက်ဦး သွားရောက်စစ်ဆေးခဲ့ရာ  မတ်(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန် ဦးတင်သောင်း၏ ဇနီးဖြစ်သူ ဒေါ်ညိုညို၊ ၄၅နှစ် နှင့် သားသမီး(၇)ဦးမှာ ယာတောထဲသို့ အလုပ်လုပ်ရန် နှင့် နွားကျောင်း ရန်ထွက်သွားကြပြီး နေအိမ်တွင် ဦးတင်သောင်း တစ်ဦးတည်းကျန်ရစ်ခဲသည်။

 

မွန်းတည့်(၁၂)နာရီအချိန် သမီးဖြစ်သူ မနှင်းနှင်းဝေ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ဖခင်ဖြစ်သူ ဦးတင်သောင်းမှာ လူးလှိမ့်ပြီး “ပူတယ် ပူတယ် ”ဟု အော်နေသဖြင့် မေးမြန်းခဲ့ရာ ဦးတင်သောင်း သောက်ရန် အိပ်ယာဘေးတွင် ရေသန့်ဘူးခွံဖြင့်ထည့်ထားသော ရေဘူးနှင့် (ဘတ္ထရီ အိုးထဲထည့်ရန်ဝယ်ယူသော) ရေသန့်ဘူးခွံဖြင့် ထည့်ထားသော အက်ဆစ်ဘူးအား ဦးတင်သောင်းမှ မျက်စိမှုန်၍ မှားသောက်မိကြောင်းပြောပြသိရှိခဲ့၍ ရွှေပန်းတောတိုက်နယ်ဆေးရုံမှတစ်ဆင့် မိတ္ထီလာဆေးရုံသို့ထပ်မံပို့ဆောင်စဉ် ညနေ(၆)နာရီခွဲအချိန် လမ်း၌ သေဆုံးသွားကြောင်း စစ်ဆေးသိရှိခဲ့ခြင်း ဖြစ်သည်။ 

 

ကျော်ဇေယျ