နတ်မောက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က စတင်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ မ(၁)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၆)ဦး၊ မ(၆)ဦး၊ မိတ္တူ ကျား (၁၁)၊ မ(၅)ဦး၊ လဲလှယ် ကျား (၂၈)ဦး၊ မ(၁၃)ဦး စုစုပေါင်း (၇၀)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် များကို မတ်လ ( ၃) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း (၃၆၉၀) ၊ အိမ်ထောင်စုလူဦးရေစာရင်း(၈၀၅)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ် လ ဝ က ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။
သင်းသင်းမြတ် (နတ်မောက်)


