နတ်မောက်မြို့နယ်တွင် ပန်းတိမ်မနိုင်(ခေါ်) ပန်းတိမ်ငိုပန်းများဈေးကွက်သို့ တင်ပို့လျက်ရှိ

နတ်မောက်  ဇွန်  ၂၅    

ဗုဒ္ဓဘာသာဝင်များအနေဖြင့်  ဘုရားပန်းအဖြစ် ပန်းအမျိုးမျိုးကို နေ့စဉ်ဆိုသလို ဈေးကွက်တွင် ရှာဖွေဝယ်ယူကြပြီး ပန်းတိမ်မနိုင်(ခေါ်) ပန်းတိမ်ငိုပန်းများကိုလည်း အမြတ်တနိုးဝယ်ယူကာ ဘုရားတင်လှူလျက်ရှိကြကြောင်း သိရသည်။

“ကျွန်မတို့က ဘုရားပန်းအဖြစ် အသုံးများတာကတော့ ပန်းတိမ်မနိုင်(ခေါ်) ပန်းတိမ်ငိုပန်း မျိုးဖြစ်ပါတယ်။ ပန်းဈေးကွက်မှာ ပန်းတိမ်မနိုင်(ခေါ်) ပန်းတိမ်ငိုပန်းတစ်ခိုင်ကို ငွေကျပ်၅ဝ ကနေပြီး ၈ဝ နှုန်း လောက်အထိ ဝယ်ယူတင်လှူ ရပါတယ်။ ဘုရားတင်လှူထားတဲ့ ပန်းတိမ်မနိုင်ပန်း (ခေါ်) ပန်းတိမ်ငို ပန်းတွေကို  နှစ်ရက်ခြား ရေလဲပေးလို့ရှိရင် တစ်လလောက်ထိ အတင်ခံတယ်၊ အဲဒါကြောင့် ခုပန်းကလည်း ပေါ်လာပြီဆိုတော့ ဝယ်ယူ တင်လှူတာပေါ့” ဟု နတ်မောက်မြို့ ဈေးရပ်ကွက်မှ ဒေါ်မြင့်မြင့်ခင်ကပြောသည်။

“ပန်းတိမ်မနိုင်  (ခေါ်) ပန်းတိမ်ငိုပန်းစိုက်ဖို့အတွက် ပြင်ဦးလွင်ပျိုးဥယျာဉ်ခြံတွေကနေပြီး ပန်းပျိုး ဥ တစ်ပိဿာကို(၆၅၀ဝကျပ်နှုန်းနဲ့ မှာယူရပါတယ်။ ပန်းရောင်ကတော့ အဖြူရောင်နဲ့ မရမ်းရောင်နှစ်မျိုး ရှိပါတယ်။ ကျွန်မတို့ကတော့ ပန်းတိမ်မနိုင်ပန်းစိုက်ရင် အဖြူရောင်မျိုးကိုပဲ ရွေးချယ်စိုက်ပျိုးပါတယ်၊ ပန်းတိမ်မနိုင် ပန်းဥတွေကို သင်္ကြန်မတိုင်ခင်က စိုက်ခဲ့တာပါ။ အခုဆိုရင် ဈေးကွက်ကို ပန်းတိမ်မနိုင်ပန်း တစ်ခက် အနည်းဆုံး ငွေကျပ် ၅ဝ နှုန်းဖောက်သည်ဈေးရောင်းချရပါတယ်၊ ပန်းတိမ်မနိုင်ပန်းစိုက်ပြီး ရောင်းရတာ ကုသိုလ်လည်းရ ဝမ်းလဲဝပေါ့။ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရလို့ လူတိုင်းစိုက် ပျိုးသင့်ပါတယ်”ဟု ပန်းတိမ်မနိုင်(ခေါ်) ပန်းတိမ်ငိုပန်းစိုက်ပျိူးသု နတ်မောက်မြို့နယ်မှ မစုစုကပြောသည်။ 

မူမူစန်း (နတ်မောက်)

mdn