နတ်မောက် ဇူလိုင် ၆

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသို့ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။

 

စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း မြို့နယ် မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိက ပြောသည်။

 

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁)ကြိမ် စာအုပ်၊ စာစောင်များ လှဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။

 

လှဝင်း