နတ်မောက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြင်းတဲကြီးကျေးရွာအဝင်လမ်းတွင် ပြိုလဲနေသည့် ဓာတ်တိုင်(၂) ကို မြို့နယ်လျှပ်စစ်မှူးဦးခင်မောင်စိုးနှင့် ဝန်ထမ်း (၈)ဦးက ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ပြုပြင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပြုပြင်ဆောင်ရွက်ရာတွင် မြင်းတဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် ကျေးရွာသား(၃၀) ခန့်၊ စိုင်ကောင်းနယ်မြေစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင် (၅)ဦး တို့ဖြင့် ပူးပေါင်းပြီး လဲပြိုနေသော ဓာတ်တိုင်များကို ပြန်လည်စိုက်ထူခြင်း၊ မီးကြိုးများသွယ်တန်းခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် လုပ်ငန်းများပြီးစီးခဲ့ပြီး ညနေ ၆ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မြင်တဲကြီးကျေးရွာသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးထံမှသိရသည်။
မြို့နယ် (ပြန်/ဆက်)