နတ်မောက် နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်) တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ တင်ဒါကော်မတီဉက္ကဋ္ဌ ဦးမျိုးသန့်က အမှာစကားပြောကြားပြီး ၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာ ရေးနှစ် (မီနီဘတ်ဂျက်) တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့် ပတ်သတ်၍ တင်ဒါစည်းကမ်းချက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးက ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး Lot အလိုက် စျေးနှုန်းများတင်သွင်းမှုများကို ဖွင့်ဖောက်ပြီး ၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာ ရေးနှစ် (မီနီဘတ်ဂျက်) တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အုတ်၊ သဲ၊ ကျောက်များ ဝယ်ယူရန်အကြမ်းခင်းစျေးသတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ကြမ်းခင်း စျေးနှုန်းနှင့်နှိုင်းယှဉ်၍ အနည်းဆုံးစျေးနှုန်းဖြင့် တင်သွင်းသည့်လုပ်ငန်းရှင်များအား စိစစ်ရွေးချယ် ခဲ့ကြောင်းသိရသည်။
သင်းသင်းမြတ်


