နတ်မောက် အောက်တိုဘာ ၂၀

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ခြင်းများကို မြို့နယ်အတွင်းရှိ ကျေးရွာ (၁၁)ရွာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံက သိရသည်။

 

နတ်မောက်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ပေးသည့် တဲကြီးကျေးရွာ၊ သာယာအေးကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ ကျောက်တဲကျေးရွာ၊ ဖန်းခါးစမ်းကျေးရွာ၊ ရေငံကျေးရွာ၊ မျက်ရဲကန်ကျေးရွာ၊ ရေထွက်ကျေးရွာ၊ မြင်းတဲကြီး(တ)ကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းပေးမည်ဖြစ်ပြီး ဘူးပင်တဲကျေးရွာနှင့် ဂွေးကန်ကျေးရွာတို့၌ ရေပေးရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀)နှင့် ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာများပံ့ပိုး၍ ကျေးရွာသူ/ ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှဝင်း