နတ်မောက် ၊ ၁၉ ဇန်နဝါရီ   

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ မြို့မရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ချင်းပေါက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ချင်းပေါက်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်နိုင်ထံမှ သိရသည်။      

 

ချင်းပေါက်ပြီးသား တစ်ပိဿာကို ငွေကျပ် (၂၅၀ဝ)နှုန်းရောင်းချရကြောင်း ချင်းပေါက်လုပ်ငန်း  လုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

ချင်းတက်အချိန် (၃၀)တစ်အိတ်လျှင် ချင်းပေါက်ပိဿာ(၃၀) ထွက်ရှိကာ နှစ်ရက်အထိရောင်းချရပြီး   ချင်းပေါက်အချိန်(၃၀)ကုန်လျှင် အမြတ်ငွေကျပ် (၂၁၀ဝဝ) ကျပ်အထိရရှိ၍ မိသားစုစားဝတ်နေရေး အဆင် ပြေလျက်ရှိကြောင်း သိရသည်။

 

လှဝင်း (နတ်မောက်)