နတ်မောက် ၁၆ ဇွန်
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်တွင် Grade-7 (သင်ရိုးသစ်) မြို့နယ်အဆင့် Face To Face အွန်လိုင်းသင်တန်းကို ဇွန် ၁၅ ရက်မှစတင်၍ ဇွန် ၂၁ ရက်ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းသင်တန်းသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် နိုင်ငံတကာပညာရေးအဆင့်အတန်းနှင့် ကိုက်ညီမှုရှိပြီး အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများက အရည်အချင်းရှိသော ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသင်ခန်းစာမှတစ်ဆင့် နေစဉ်လူနေမှုဘဝတွင် လက်တွေ့ အသုံးချနိုင်မည့် အသိပညာ၊ အတတ်ပညာများရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို အပိုင်း(၂)ပိုင်းဖြင့် ပို့ချမည်ဖြစ်ပြီး ပထမပိုင်းအနေဖြင့် နည်းပြ ၅၂ ဦး က Myanmar Digital Education Platform (MDEP) တွင် မှတ်ပုံတင်ပြီးနောက် သက်ဆိုင်ရာ ဘာသာရပ်များကို အွန်လိုင်းမှ ကိုယ်တိုင်လေ့လာသင်ယူကြရမည်။
ဒုတိယပိုင်းအနေဖြင့် သင်တန်းနည်းပြမှ လေ့လာပြီးသော သက်ဆိုင်ရာ ဘာသာရပ်များကို ဘာသာရပ် အလိုက် ဆရာ ဆရာမများအား Face To Face Online Training သင်တန်းဆက်လက် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မူမူစန်း(နတ်မောက်)


