နတ်မောက် ၁၀ နိုဝင်ဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၅) မကွေးတိုင်းဒေသကြီးက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍရေးနှစ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအတွင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။       

 

အဆိုပါ ပန္နတင်မင်္ဂလာအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော် တို့က သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ပန္နက်ရိုက်ခဲ့ကြပြီး မြို့ပေါ်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)