နတ်မောက် ၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ မြို့ပေါ်( ၇ ) ရပ်ကွက်အတွင်းရှိ မွေးစမှ တစ်နှစ်ခွဲအထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ထိုးနှံ၊ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးစမှ တစ်နှစ်ခွဲအထိ ကလေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) နှင့် ပိုလီယိုကို တိုက်ကျွေးပေးခဲ့ပြီး ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)နှင့် ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံ ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မွေးစမှ တစ်နှစ်ခွဲအထိကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်လာစေရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ