နတ်မတောင် အမျိုးသားဉယျာဉ်၌ ရှားပါးစ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ထား

ရန်ကုန်၊ ၁၀ မေ

 

ချင်းပြည်နယ်(တောင်ပိုင်း) ကန်ပက်လက်မြို့ရှိ အာဆီယံအမွေအနှစ် နတ်မတောင် အမျိုးသားဉယျာဉ် (ASEAN Heritage Park) တွင် ရှားပါးစ ဇီဝမျိုးစုံမျိုးကွဲတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

 

ဧရိယာအကျယ် ၁၇၆,၂၀၂ ဧကရှိသော နတ်မတောင် အမျိုးသားဉယျာဉ်ဧရိယာအတွင်း ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်၊ ငှက်နှင့် အပင်မျိုးစိတ်တို့ကို ထိန်းသိမ်းရာ၌ ကင်းလှည့်ထိန်းသိမ်းခြင်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့်နည်းတူ စောင့်ကြည့်ဗီဒီယိုမှတ်တမ်းတို့ဖြင့် သားငှက်ထိန်းသိမ်းရေးလုပ်ငန်းတို့ကို နှစ်ဆန်းပိုင်းမှစ၍ လုပ်ဆောင်ခဲ့ရာ ရှားပါးတိရစ္ဆာန်တို့ ပေါက်ပွားကျက်စားနေမှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

 

65+

 

“ကျွန်တော်တို့တပ်ဆင်ထားတဲ့ စောင့်ကြည့်ဗီဒီယိုမှတ်တမ်းမှာ ဆတ်ခလောက်၊ ရှားပါးကြောင်မျိုးရင်း၊ မျောက်ကြီးတွေ၊ ရှားပါးစပြုနေတဲ့ ရစ်ငှက်မျိုးစိတ်တွေနဲ့ နို့တိုက်သတ္တဝါတွေ ရှင်သန်ကျက်စားနေမှုကို တွေ့ခဲ့ရတယ်။ အမျိုးသားဉယျာဉ်ကြီး ရေရှည်တည်တံ့ဖို့ဆိုရင် စီမံပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ဝန်ကြီးဌာနတစ်ခုအနေနဲ့ စီမံချက်တွေ ဆောင်ရွက်နေပေမယ့် အခြားသော အဖွဲ့အစည်းများနဲ့ ဒေသခံတွေ ဝိုင်းဝန်းဆောင်ရွက်မှသာ အမျိုးသားဉယျာဉ်ကြီးရဲ့ ရှားပါးစ ဇီဝမျိုးစုံမျိုးကွဲတွေ ရှင်သန်ပေါက်ပွားမှုကို ထိန်းသိမ်းနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ အမျိုးသားဉယျာဉ်ကြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု နတ်မတောင် အမျိုးသားဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။

 

နတ်မတောင် အမျိုးသားဉယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရန် ၁၉၃၆ ခုနှစ်တွင် သစ်တောဉပဒေ(၁၉)အရ ဉတုထိန်းကြိုးဝိုင်းအဖြစ် ကာကွယ်ထိန်းသိမ်းခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကန်ပက်လက်မြို့၌ အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်၍ အမျိုးသားဉယျာဉ် ထိန်းသိမ်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ကာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်၌ အမျိုးသားဉယျာဉ်ကြီးအဖြစ် အတည်ပြု၍ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် ‘အာဆီယံအမွေအနှစ်ဉယျာဉ်’ အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 

အမျိုးသားဉယျာဉ်အတွင်း ဇီဝမျိုးစုံမျိုးကွဲတို့ ကာကွယ်ထိန်းသိမ်းမှုကို ကင်းလှည့်စောင့်ကြပ်ရာ၌ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်မြို့ဧရိယာအတွင်းရှိ အခြေခံနေရာ ၄ နေရာမှ အဓိကထား ဆောင်ရွက်လျက်ရှိပြီး သဘာဝဉယျာဉ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆက်ပြတ်သွားပါက ပြန်လည်လုပ်ဆောင်ရာ၌ အခက်အခဲများစွာရှိသောကြောင့် ကွင်းဆက်မိစေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင် အမျိုးသားဉယျာဉ်ကြီး ရည်ရှည်တည်တံ့မှုသည် တောရိုင်းတိရစ္ဆာန်၊ ငှက်နှင့် အပင်မျိုးစိတ်တို့ ရှင်သန်မှုအပေါ်တွင် မီခိုသောကြောင့် အားလုံးဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ခြင်းဖြစ်ပြီး သစ်တောဝန်ထမ်းများအနေဖြင့် ၂၇၅ ဒသမ ၃၂ စတုရန်းမိုင် ကျယ်ဝန်းသော အမျိုးသားဉယျာဉ်ကြီးကို တောင်ပေါ်ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲနေရင်းဒေသတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံ၏အရေးကြီးသော ရေဝေရေလဲဒေသကို ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသခံပြည်သူတို့ကို ထိန်းသိမ်းရေးဆိုင်ရာ သိမြင်နိုးကြားမှုမြှင်တင်ခြင်းနှင့် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိလျက် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ တစ်ဆက်တည်းလုပ်ဆောင်မှုနှင့်အတူ အာဆီယံအမွေအနှစ် အမျိုးသားဉယျာဉ်ကြီး ရေရှည်တည်တံ့ရန် ရှားပါးစ ဇီဝမျိုးစုံမျိုးကွဲတို့ကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ