နေပြည်တော် ၂၆ နိုဝင်ဘာ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လ ရာသီပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ်၊ နတ်တော်လအတွက် စာဆိုတော်ပွဲနှင့် သဇင်ပန်း ငွေကျပ် ၂၀၀ တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် တစ်မျိုးအား နိုဝင်ဘာ ၂၇ ရက် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နတ်တော်လဆန်း ၁ ရက် (ဗုဒ္ဓဟူး)နေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လုပ်ငန်းပြည့်တိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးတိုက်ကြီး တို့၌ နိုဝင်ဘာ ၂၇ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ အိတ်(Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


