နတ်တလင်း ဧပြီ ၅

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ပြည်သူများအား ဖြန့်ဝေနေသော စားသုံးဆီလက်လီ/လက်ကားဆိုင်များသို့ စျေးနှုန်းမြှင့်တင်စွာ ရောင်းချခြင်းမရှိစေရေး၊ စာအုပ်စနစ်ဖြင့် ပြည်သူများ လက်ဝယ်အရောက်အပြည့်အဝရရှိစေရန် ဌာနမှလမ်းညွှန်ထားသော မှန် (၆)မှန်နှင့်အညီ ရောင်းချပေးစေရေး ဗီနိုင်းများဖြင့် ချိတ်ဆွဲရောင်းချရန် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် နတ်တလင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်၍ ခရိုင်အတွင်းရှိ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်း၍ စားအုန်းဆီများ၊ ဘူးသွတ်ဆီများ အမှန်တကယ်ရောင်းချ နေမှုအခြေအနေ၊ ဝယ်ယူမှုအခြေအနေများ၊ စီးဆင်းမှုလမ်းကြောင်း၊ ရောင်းချနေသော ဆီအမျိုးအစားနှင့် စျေးနှုန်းအခြေအနေများ၊ ပြန်ရောင်းစျေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မ​ဖြစ်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)