နတ်တလင်း  ၂၅  ဇန်နဝါရီ 


ပဲခူးတိုင်းဒေသကြီး သာယာဖတီခရိုင် နတ်တလင်းမြို့နယ် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် လက်တွေ့ မီးငြှိမ်းသတ်ခြင်းနှင့် ဈေးအတွင်းလိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဈေး၏အနောက်ဘက်လမ်းနှင့် တောင်ဘက်လမ်းတို့တွင် လက်တွေ့ သရုပ်ပြသခဲ့သည်။


အဆိုပါ လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးသူရမိုးက မီးသတ်ဆေးဘူးများ၏ ဖွဲ့စည်းပုံ စွမ်းဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး လက်တွေ့မီးငြှိမ်းသတ်ပြခဲ့ပြီး  ဈေးသူ ဈေးသားများမှလည်း မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့ဝင်ရောက် လုပ်ဆောင်ခဲ့ကြသည်။ 


လက်တွေ့မီးငြှိမ်းသတ်ပြသခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်လျှပ်စစ်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဈေးမိဈေးဖများနှင့် ဈေးသူဈေးသားများ တက်ရောက်ကြကြောင်း မြို့နယ်ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

ာိည