နတ်တလင်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုလားတက်ထွန်ကျေးရွာအုပ်စု၊ ရဘိန်းစုကျေးရွာတွင် ကွန်ကရစ်တံတားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေ ကျပ်သိန်း၁၀၀ ထောက်ပံ့ပေးခြင်းနှင့် နည်းပညာများပံ့ပိုးကူညီပေးပြီး ကျေးရွာပြည်သူလူထုမှ လုပ်အားထည့်ဝင်၍ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း နတ်တလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွန်းထံမှ သိရသည်။
ရဘိန်းစုကျေးရွာ ကွန်ကရစ်တံတားအရှည် ပေ ၁၂၀၊ အကျယ် ၁၂ပေ ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းအား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၂၆၄ အားအကျိုးပြုမည်ဖြစ်သည်။ ယခုကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၄၅၀ မှ ထွက်ရှိလာသော လယ်ယာထွက်ကုန်သီးနှံများကို စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဖြိုးလေး


