နတ်တလင်းမြို့နယ် ထောက်ကြံ့ကွင်းကျေးရွာတွင် u45 ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ကွင်းဆင်းကုသပေး

နတ်တလင်း  ၉  ဇန်နဝါရီ 


CNG-u45 အဖွဲ့မှ ကျေးလက်ဒေသနေ ပြည်သူများအား အခမဲ့ကွင်းဆင်း ကုသပေးခြင်းကို  ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အုပ်ဖိုစုကျေးရွာအုပ်စု ထောက်ကြံ့ကွင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။ 


CNG-u45 အဖွဲ့တွင် ဒေါက်တာနေဝင်း၊ မြို့နယ်အခမဲ့ ဆေးကုသရေးအဖွဲ့ဝင် ဦးတင့်လွင်၊ ဦးအောင်မြင့်ဦး(တာပွန်ပရဟိတ သာရေးနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ လိုက်ပါလျှက် ကျေးရွာ ရပ်မိရပ်ဖများ၏ ပံ့ပိုးကူညီမှုဖြင့် အနီးပတ်ဝန်းကျင် ကျေးရွာ(၇)ရွာမှ ဒေသနေပြည်သူများအား ကွင်းဆင်းကုသပေးရာလူနာ ၁၅၀ ကျော် လာရောက်ဆေးကုသမှု ခံယူကြကြောင်း သိရသည်။ 


၀၅၈