နတ်တလင်း ဇူလိုင်   ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ဆက်စပ်လျက် LockDown နေအိမ်များသို့ တာပွန် သာရေး၊ နာရေး ကူညီမှုပရဟိတ အသင်းကြီးမှ ယနေ့နံနက်ပိုင်းက စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

     

အဆိုပါလှူဒါန်းရာတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ဆက်စပ်လျက်ရှိသော တာပွန်အရှေ့ပိုင်းနှင့် တာပွန်မြောက်ပိုင်းမှ နေအိမ် ၂၃ အိမ်အား ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး၊ ကြက်သွန်အစရှိသော စားသောက်ကုန် ပစ္စည်းများကို ပထမအကြိမ် တာပွန်သာရေး၊ နာရေး ကူညီမှု ပရဟိတအသင်းကြီးမှ အသင်းသားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများက လှူဒါန်းခဲ့ကြပြီး နောင်တွင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

 

ထားထားဦး

mdn