နတ်တလင်း ၁၀ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်းများအတွင်းသို့ ရေဝင်ရောက်၍ပိတ်ထားရသည့် ကျောင်းများအနက် တာပွန်အထက်တန်းကျောင်း၊ မကျီးစုကျေးရွာအုပ်စု လိပ်လွှတ်ရွာမူလတန်းကျောင်း၊ ကျန်တောအုပ်စုကျန်တောကျောင်း၊ ချောင်းခွအုပ်စုကွက်ကြီးရွာမူလတန်းကျောင်း၊ သာယာကုန်းအုပ်စုသာယာကုန်းရွာမူလတန်းကျောင်း(၅)ကျောင်းတို့ကို ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ကျောင်းများ ပြန်ဖွင့်လှစ်၍အေးချမ်းစွာပညာသင်ကြားနေပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပိတ်ထားရသောစာသင်ကျောင်းများကိုလည်းရေကျသွားပြီဖြစ်သဖြင့် မကြာမီရက်အတွင်း ပြန်လည်ဖွင့်တော့မည်ဖြစ်ကြောင်း ရသည်။
တင်မြင့် (နတ်တလင်း)


