နတ်တလင်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာဉီးစီးဌာနမှ ဒေသခံပြည်သူများအား ဆန်နှင့်ဆီများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကံသာကျေးရွာအုပ်စု၊ ကံသာကျေးရွာ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်အေးအေးဆွေနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် (၃၀၀၀)ဖြင့် ဆန် (၅)အိတ်၊ စားသုံးဆီငါးဆယ်ကျပ်သားတစ်ဗူးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် (၂၂၀)ဗူးတို့အား ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)