နတ်တလင်း မေ ၂၁

 

ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မေ ၂၀ ရက် ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလှန်ပျက်စီးမှုနှင့် ပြိုလဲမှုများဖြစ်ပွားခဲ့ ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်တွင် အမိုးလှန်နေအိမ် ၁၁ လုံးနှင့် ရွာမရပ်ကွက်တွင် အမိုးလှန်နေအိမ် လေးလုံး၊ ပြိုလဲနေအိမ်တစ်လုံး၊ ဇီးကုန်းကလေးရပ်ကွက်တွင် အမိုးလှန်နေအိမ် ၁၄ လုံးနှင့် ပြိုလဲ‌နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။  

 

အဆိုပါ မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိကြောင်းနှင့် လေဘေးသင့်မိသားစုများအား တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)