နတ်တလင်း မတ် ၃၀

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးထံမှ သိရသည်။

 

လေ့ကျင့်ဆောင်ရွက်

မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယိမ်းအကများကို ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့အသီးသီးမှ သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ဇီးကုန်းကလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီးရှေ့တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို သာဇီရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ We Love Nattalin ပန်းခြံအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)