နတ်တလင်း ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းက စေတနာရှင်ပြည်သူများမှ စားသောက်ကုန်နှင့် အသီးအနှံများ အခမဲ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့မရပ်ကွက်ရှိ ခေမာ(၁)လမ်း၊ ခေမာ(၃)လမ်း၊ ရွာမရပ်ကွက်ရှိ ရွာမလမ်းသွယ်(၁)၊ ရွာမလမ်းသွယ်(၂)လမ်းတို့ရှိ အိမ်ထောင်စု ၂၀၀ စာအား အသီးအနှံမျိုးစုံကို အိမ်အရောက် လှူဒါန်းခဲ့သည်။ ထို့ပြင် အလှူရှင် ကိုမင်းမင်းကလည်း အိမ်ထောင်စု တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်စီဖြင့် ခေမာလမ်းရှိ အိမ်ထောင်စု(၉၀)စာအတွက် လှူဒါန်းခဲ့ရာ ဟိတကာရီ လူမှုကူညီရေးအသင်းကြီးမှ ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။
ထားထားဦး


