နတ်တလင်း မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၄ ရက်တွင် စာစစ်ဌာနနှစ်ခု၌ ဆက်လက်ပြုလုပ်ရာ ရူပဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၉၄ ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။ အဆိုပါ စာဖြေကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် Royal -D အချိုရည် ဘူး ၂၄၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့်အဖွဲ့ဝင်များက ဝေငှပေးခဲ့ကြသည်။
ဝေယံဖြိုး(ပြန်/ဆက်)