နတ်တလင်း   မေ   ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အမိုးလန်နေအိမ်(၃၂)လုံးနှင့် ပြိုလဲနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်ခြင်းကို မေ ၂၃ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၂၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်၊ ရွာမရပ်ကွက်၊ ဇီးကုန်းကလေးရပ်ကွက်တို့တွင် အမိုးလန်နေအိမ် (၂၉)လုံး၊ ပြိုလဲနေအိမ် (၂)လုံးနှင့် မေလ ၂၂ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၄)လုံးတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၂၄၀၀၀ဝ)ကျပ်၊ အိမ်ထောင်စု(၃၄)စုရှိ လူဦးရေ(၁၃၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂၇၇၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၅၁၇၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ ပလက်စတစ်ပုံး (၂)ပုံးကို လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝေယံဖြိုး(ပြန်/ဆက်)