နတ်တလင်း ၂၃ ဇန်နဝါရီ


၂၀၁၈ ခုနှစ် ၆ လဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းသုံးသပ် ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက်ဒေသနေပြည်သူများ လူမှုဘဝ တိုးတက်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက မြစိမ်းရောင်ကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာ (၅၃)ရွာမှ ကော်မတီဝင်များဝန်ထမ်းများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။


ဝ၅၈