နတ်တလင်း နို၀င်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နိုဝင်ဘာ ၂၆ ရက်က စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်နှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပွင့်လင်းရာသီအချိန် ကာလရောက်ရှိလာပြီဖြစ်သောကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးချိတ်မီးကပ်နှင့် ဆက်စပ်ပစ္စည်းများ၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ၊ ရေလှောင်ကန်များ ရေလုံလောက်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)