နတ်တလင်း ၂၇ ဧပြီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ စီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့် (မြို့နယ်အုပ်ချုပ်ရေးမှုး)က ပြောကြားရာတွင် ယခုယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)သည် တစ်နှစ်သာ လုပ်ကိုင်နိုင်မည်ဖြစ်၍ ဆက်လက်ပြီး လုပ်ကိုင်ခွင့်ပြုချက်ရရှိစေရန် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားပြီး တောင်သူများအား တာဝန်ရှိသူများက ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်များကို ပေးအပ်ကြရာ တောင်သူ(၁၂)ဦးကို မျှတစွာခွဲယူကြရန် လယ်မြေဧက (၄၉.၉၇)ဧကကို ပေးအပ်ခဲ့ကြသည်။
တင်မြင့် နတ်တလင်း


