နတ်တလင်း ဖေဖော်ဝါရီ ၂၁ 

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့ မြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်းပေါင်းစုံအဖွဲ့မှ နာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၄၄)ကြိမ်မြောက် ဝိနယနုဂ္ဂဟစာပြန်ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက သကျမဟာမြတ်မုနိ ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

စာပြန်ပွဲတော်ကြီးတွင် ဖြေဆိုကြမည့် ဝိနယအလတ်တန်း(၇)ပါး၊ အငယ်တန်း(၃)ပါး၊ မူလတန်း (၁၇)ပါး၊ ရှင် သာမဏေ (၁၀၀)ပါးတို့အား ကြီးကြပ်ဆရာတော်များက ဝိနယာနုဂ္ဂဟ အာဂုံဆောင်ခြင်းအား အတန်းလိုက်စိစစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆုချီးမြှင့်ခြင်းအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်မြင့်(နတ်တလင်း)