NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရားခြိမ်းခြောက် ဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသမီးတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ပြန်လည်ကယ်တင်နိုင်ခဲ့

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးကို NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင်လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အထက်ပါ ရပ်ကွက်နေ “အောင်ဆင်မင်း” လက်ဖက်နှင့် အကြော်စုံဆိုင်ပိုင်ရှင်၊ အရာရှိတစ်ဦး၏ ဇနီးဖြစ်သူ မဟန်နွေဦး (ဘ) ဦးဇော်ဦးတင်သည် ယနေ့နံနက် ၆ နာရီခွဲခန့် တွင် ၎င်း၏ နေအိမ်ရှေ့၌ ဆွမ်းလောင်းနေစဉ် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် မဟန်နွေဦး၏ မိသားစုဝင်များနှင့် ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ နေအိမ်အတွင်းရှိ ဆွဲကြိုးတစ်ကုံး၊ နားကပ်တစ်ရံ၊ လုပ်ငန်းသုံးနှင့် ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းရှစ်လုံးတို့အား ယူဆောင်ပြီး မဟန်နွေဦးကို ရေစကြိုမြို့နယ် ဥက္ကံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ပွားချင်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ သတင်းဆက်စုံစမ်း မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ မဟန်နွေဦးအား မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်တမံ (ဒေသ အခေါ်) တောင်ရွာဆည် ရှင်းလင်းဆောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

 

အဆိုပါနေရာသို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ မဟန်နွေဦးအား ဘေးကင်းလုံခြုံစွာဖြင့် ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ခန့်တွင် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။

 

mdn

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟန်နွေဦးအား ဖမ်းဆီးချုပ်နှောင်ခဲ့သည့် တောင်ရွာဆည် ပတ်ဝန်းကျင်တစ်ဝိုက်သို့ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့အမျိုးသမီး များနှင့် ကလေးသူငယ်များကို အတင်းချုပ်နှောင် ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများကို အကျပ်ကိုင် ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက်အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား၍ ရပ်ရွာအေးချမ်းသာယာရေး ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

 

သတင်းစဉ်