နယူးယောက် ဇန်နဝါရီ ၅

 

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကို နှုတ်ပိတ်ကြေးပေးမှုအတွက် ၎င်း၏ကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်မီ ဇန်နဝါရီ ၁၀ ရက် တွင် စီရင်ချက်ချသွားမည်ဖြစ်ကြောင်း နယူးယောက်ပြည်နယ် တရားရုံးက ပြောကြားလိုက်သည်။

 

အပြာမယ်တစ်ဦးကို နှုတ်ပိတ်ကြေးပေးခဲ့မှုနှင့် ပတ်သက်ပြီး ကွယ်ဝှက်ရန် စီးပွားရေးမှတ်တမ်း အတုအယောင် ပြုလုပ်ခဲ့မှုအတွက် ပြီးခဲ့သည့်မေလတွင် ထရမ့်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် ရာဇဝတ်မှုနှင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။

 

ထရမ့်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသည့်အတွက် တရားရုံးက စီရင်ချက်ချမှုကို ရွှေ့ဆိုင်းခဲ့သည်။ ထရမ့်အား ၎င်း၏စီရင်ချက်ချရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ အဝေးမှဖြစ်စေ နာခံစေခွင့်ရမည်ဟု တရားရုံးက ပြောကြားသည်။

 

ထရမ့်၏ ရှေ့နေများက စီရင်ချက်ချမှုကို ရပ်တန့်ရန် ကြိုးပမ်းသွားဖွယ်ရှိပြီး ၎င်း၏သမ္မတသက်တမ်း အသစ်ပြီးမြောက်သည်အထိ ရွှေ့ဆိုင်းနိုင်ကြောင်း အမေရိကန်မီဒီယာများက ပြောသည်။

 

အင်န်အိတ်ချ်ကေ