နေပြည်တော်၊ အောက်တိုဘာ ၂

 

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ နဝရတ်ကိုးသွယ်အငြိမ့်  ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၃ ရက် စနေနေ့ ည နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

ယင်းဖျော်ဖြေမှုကို စိုင်းလူမော်နှင့်အဖွဲ့(ဆိုင်း) တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး သိင်္ဂီအောင်၊ ရှေ့ထွက် မင်းသမီး အေးသဇင်မိုး၊ လူရွှင်တော်များဖြစ်ကြသည့် ပေါက်စီ၊ ညှပ်စိ၊ ရွှင်ပြုံးနှင့် ကောင်းဘွိုင်တို့က  ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။

 

ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၂၇ ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)