ကြို့ပင်ကောက် ၂၂ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနတွင် အခြေခံပညာ အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့လယ် ၁ နာရီအချိန်က စတင်ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၅ ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ (ပထမ) ဆုကို အထက(ကြို့ပင်ကောက်)မှ ဆဌမတန်းကျောင်းသူ မသဒ္ဒါနှင်းဦး၊ (ဒုတိယ)ဆုကို အထက(ကြို့ပင်ကောက်)ဆဌမတန်းကျောင်းသူ မချစ်ခွန်းချိုနှင့် (တတိယ)ဆုကို အလက(ခွဲ)ရန်ကုန်ပြည်လမ်းကျောင်းမှ သတ္တမတန်းကျောင်းသူ မအိမ့်မှူးဝဿန် တို့ကိုရရှိသွာခဲ့ကြရာ ပြိုင်ပွဲကြီးကြပ်သူ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမြင့်ဦးနှင့် တာဝန်ရှိသူ ဆရာဆရာမများမှ ဆုနများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးက ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်ပြီး ဉာဏ်ပညာ အထွေထွေဗဟုသုတ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း လူငယ်လူရွယ်လေးများကို ဦးတည်ပြီး ပြိုင်ပွဲအမျိုးမျိုး လစဉ်ကျင်းပ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)