ဉာဏ်ရည်တု (Artificial intelligence-AI) တလွဲအသုံးချနိုင်ချေတွေ ရှိလာတဲ့အတွက် သတိထားဖို့ ကျွမ်းကျင်ပညာရှင်များ သတိပေး

၂၁ ဖေဖော်ဝါရီ

 

ရွေးကောက်ပွဲရလဒ်တွေပြောင်းပစ်ဖို့ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ဒရုန်းတွေ အသုံးပြုဖို့ အာဏာရှင်တွေ၊ ရာဇဝတ်ကောင်တွေနဲ့ အကြမ်းဖက်သမားတွေက ဉာဏ်ရည်တု (Artificial intelligence-AI) ကို တလွဲအသုံးချလာ နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဒီကနေ့ သတိပေးပြောကြားလိုက်ပါတယ်။

 

နောက်ငါးနှစ်ကနေ ဆယ်နှစ်အတွင်း အွန်လိုင်းရာဇဝတ်မှုတွေ အလျင်အမြန်များပြားလာပြီး သတင်းအချက်အလက် စုဆောင်းတာနဲ့ လူမှုကွန်ယက်ကို ထိုးဖောက်ဖို့ လူမပါဘဲ ဆော့ဝဲလ်ကနေ အလိုအလျောက် အသုံးပြုလာတဲ့နည်းလမ်း (bots) တွေ အသုံးပြုလာနိုင်ချေကို ထောက်ပြခဲ့ကြပါတယ်။

 

နိုင်ငံရေးနယ်ပယ်မှာလဲ အာဏာရှင်တွေနဲ့ မသမာသူတွေက အဆင့်မြင့်နည်းပညာတွေသုံးပြီး စုံစမ်းထောက်လှမ်းဖို့အတွက် ကွန်ယက်ပေါ်မှ အချက်အလက်တွေကို ထုတ်ယူသွားနိုင်ပါတယ်။

 

အစိုးရဆန့်ကျင်ရေးလုပ်မယ့်လူတွေကိုလဲ မြန်မြန်ဆန်ဆန် ရှာတွေ့ပြီး ဘာမှမလုပ်ရသေးခင်မှာ ထောင်ထဲ ထည့်ပစ်နိုင်ပါတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

 

“အစီရင်ခံစာမှာ ဉာဏ်ရည်တု အသုံးပြုပြီး အဖျက်လုပ်ငန်းတွေ လုပ်လာနိုင်တဲ့နည်းလမ်းတွေ ပါရှိပါတယ်။ ဆိုက်ဘာလုံခြုံရေး နဲ့ နိုင်ငံရေးရာလုံခြုံရေးတွေမှာ လက်ရှိခြိမ်းခြောက်မှုတွေလို မဟုတ်တော့ဘဲ ဉာဏ်ရည်တုကို အသုံးပြုခြိမ်းခြောက်မှုတွေ လုပ်လာနိုင်တယ်”လို့  လေ့လာမှုပြုလုပ်ခဲ့တဲ့ ကိန်းဘရစ် စင်တာရဲ့ အမှုဆောင်အရာရှိ Existential Risk က ပြောပါတယ်။

 

“ပြစ်မှုကျူးလွန်သူတွေက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ အလိုအလျောက် ဒရုန်းတွေ သုံးလာမှာ စိုးရိမ်တယ်” လို့ သုတေသနပညာရှင် Miles Brundage က ပြောပါတယ်။ အစီရင်ခံစာက နောက်ငါးနှစ်ကနေ ဆယ်နှစ်အတွင်း ဖြစ်လာနိုင်တာတွေကို ရေးသားထားတာဖြစ်ပါတယ်။

 

ပညာရှင်တွေက မူဝါဒချသူတွေနဲ့ နည်းပညာကုမ္ပဏီတွေကို လုံခြုံရေးကောင်းမွန်တဲ့၊ Hack လို့မရတဲ့ စက်ရုပ်ဆော့ဖ်ဝဲတွေထွင်ဖို့ ဉာဏ်ရည်တုနဲ့ပတ်သက်လို့ စည်းမျဉ်းဥပဒေတွေ ထပ်ထည့်ဖို့နဲ့ သုတေသနအချို့မှာ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တချို့ပြဋ္ဌာန်းထားဖို့ လည်း အဆိုပြုခဲ့ပါသေးတယ်။

 

ဘာသာပြန် > မိုးမမ

 

ကိုးကား > အေအက်ဖ်ပီ