တိုကျို၊ မေ ၂

 

ဉာဏ်ရည်တု (AI) နည်းပညာကို သင့်လျော်စွာ အသုံးပြုရေးလုပ်ငန်းစဉ်တစ်ခုအား ဂျီ - ၇ မှ ဒစ်ဂျစ် တယ်နှင့် နည်းပညာဆိုင်ရာဝန်ကြီးများက အတည်ပြုခဲ့ကြကြောင်း သိရသည်။

 

ဧပြီ ၃၀ ရက်တွင် ဂျပန်နိုင်ငံ ဂွန်းမစီရင်စု တာကာဆာကီမြို့၌ ပြုလုပ်သော ၎င်းတို့၏ နှစ်ရက်တာ အစည်းအဝေး အဆုံးသတ်ပြီးနောက်တွင် ဂျီ - ၇ ဝန်ကြီးများက  ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ChatGPT နှင့် အခြား AI စနစ်များ အသုံးပြုမှုမြင့်တက်လာသည်နှင့်အမျှ အဆိုပါ  ဝန်ကြီးများသည်  AI  စနစ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရေးနှင့် ထိန်းချုပ်ရေးနည်းလမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

 

ထိုကဲ့သို့သောစနစ်များ အသုံးပြုမှု လျင်မြန်စွာ တိုးတက်လာသောကြောင့် ကိုယ်ရေးအချက်အလက် ထိပါးမှုနှင့် သတင်းအချက်အလက် ပေါက်ကြားမှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ တရားဥပဒေစိုးမိုးရေးနှင့်  လူ့အခွင့်အရေး လေးစားလိုက်နာရန်အပါအဝင် သင့်လျော်စွာ AI အသုံးပြုခြင်း အတွက် ဂျီ -၇ ဝန်ကြီးများအနေဖြင့် သဘောတူခဲ့ကြကြောင်း  အဆိုပါ ပူးတွဲကြေညာချက်က ဆိုသည်။

 

အင်န်အိတ်ချ်ကေ