နယူးယောက် ဇွန် ၁၉
အမေရိကန်၏ နည်းပညာကုမ္ပဏီကြီးဖြစ်သည့် အမေဇုန်ကုမ္ပဏီ၏အကြီးအကဲသည် လုပ်ငန်းခွင် အတွင်း ဉာဏ်ရည်တုနည်းပညာ(အေအိုင်)စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာသည့်အတွက် လုပ်သားအင်အားကိုလျှော့ချရန် ခန့်မှန်းထားကြောင်း ပြောသည်။
အမေဇုန်ကုမ္ပဏီ၏ စီအီးအိုအန်ဒီဂျက်စီက အဆိုပါမှတ်ချက်အား အလုပ်သမားများကို ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ၌ အေအိုင်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ခြင်းကြောင့် လုပ်ငန်းခွင်အတွင်း ထိရောက်မှုရရှိလာသည့်အတွက် လာမည့်နှစ်အနည်းငယ်အတွင်း ကုမ္ပဏီ၏ လုပ်သားအင်အားကို လျှော့ချသွားရန် မျှော်မှန်းထားကြောင်း ၎င်းကဆက်ပြောသည်။
အေအိုင်သို့ အသွင်ကူးပြောင်းခြင်းကို လက်ခံသူများသည် ရှေ့တွင်မြင့်မားသော အကျိုးသက်ရောက် မှုများရှိပြီး ကုမ္ပဏီကို ပြန်လည်ဆန်းသစ်ရန် ကူညီပေးနိုင်သည်ဟု ၎င်းကဆက်ပြောသည်။
တစ်ချိန်တည်းတွင်ပင် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ အရောင်းဌာနတွင် အဓိကအားဖြင့် အလုပ်အကိုင် ပေါင်းများစွာကို ဖယ်ရှားပစ်ရန်စီစဉ်နေကြောင်း ဘလွန်းဘာ့ဂျ်နှင့် အခြားမီဒီယာများ၌ ဇွန် ၁၈ ရက်က ဖော်ပြထားသည်။
အေအိုင်စနစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်ကျစရိတ်လျှော့ချခြင်း ကြိုးပမ်း အားထုတ်မှုများ၏ နောက်ကွယ်တွင် အလုပ်အကိုင်လျှော့ချမှုများရှိသည်ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။
မေလအစောပိုင်းကလည်း မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် အလုပ်အကိုင်ပေါင်း ၆၀၀၀ သို့မဟုတ် ၎င်း၏ လုပ်သားစုစုပေါင်း၏ သုံးရာခိုင်နှုန်းနီးပါးလျှော့ချသွားမည့်အစီအစဉ်ကို ထုတ်ဖော်ပြောကြား ခဲ့သည်။
အင်န်အိတ်ချ်ကေ