ကျိုင်းတုံ ၁၂ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၁၅ ဒသမ ၂၄၅ သန်းဖြင့် မိုင်းပျဉ်းမြို့ အလယ်ပိုင်းရပ်ကွက် စွန်တောင်းချောင်းကူး အရှည် ပေ ၉၀ နှစ်လွှာတစ်ထပ် သံဘောင်ဘေလီတံတားတစ်စင်း တည်ဆောက်ခဲ့ရာ လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တည်ဆောက်ပြီးစီးခဲ့သော စွန်တောင်းတံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့နယ်ချင်းဆက်လမ်းပေါ်တွင် တည်ရှိသည်။ မိုင်းပျဉ်း၊ တုံတာမြို့ပေါ်ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအုပ်စုများဖြစ်သော ယန်းမိုင်၊ ယန်းခမ်း၊ မိုင်းပုအွန်၊ မိုင်းမန်း၊ မိုင်းလျဉ်း၊ ထမ်းယမ်း၊ နားကျောင်း၊ ဝမ်ချန်၊ မိုင်းပုကြီးကျေးရွာ စသောကျေးရွာအုပ်စု ကိုးအုပ်စုရှိ ဒေသခံပြည်သူများအတွက် များစွာ အထောက်အကူပြုလျက် ရှိကြောင်းသိရသည်။
ငုချိုချိုကျော် (ပြန်/ဆက်)


