ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၇
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု မင်္ဂလာကုန်းကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမဆောင်၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က လူငယ်စကားဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းအား ကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်၊ သင်တန်းကျောင်းအုပ်ကြီး ဦးမိုးကျော်၊ မြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဥပဒေအကြံပေး ဒေါ်နန်းညွန့်ညွန့်ဆွေနှင့် သင်တန်းကျောင်းမှ ကျောင်းသားလူငယ် လေးဦးတို့မှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်များနှင့် ပတ်သက်၍ ကိုယ်ခန္ဓာကျန်းမာရေးဆိုးကျိုးများနှင့် စိတ်ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်ဆုံးရှုံးမှုများ၊ မူးယစ်ဆေးဝါးဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ စသည့် သိသင့်သိထိုက် သိမှတ်ဖွယ်ရာများအား ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး