ပင်လုံ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လွိုင်လင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာ မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး မြို့နယ်အားကစားမှူး ဒေါ်မိုးမိုးအေးက အားကစားအသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ကရေးတေးဒို အားကစားနည်း သရုပ်ပြသပြီး မြို့နယ်အားကစားမှူးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ အခြေခံပညာ မြန်မာ့သိုင်းသင်တန်းကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း၁၅ ရက်တာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ၂၀၅ ဦး ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)