နေပြည်တော် စက်တင်ဘာ ၃

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာသာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ ဥက္ကဌများ၊ လုပ်ငန်းဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ သာသနာ တော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသား မှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆပ်ကော်မတီဝင်ဦးစီးဌာနများအနေဖြင့် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအလိုက်ခွဲခြားပြီး နယ်စပ်ဒေသများတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများအတွက် အကျိုးရှိမည့် လုပ်ငန်းစီမံကိန်းများကိုသာ ရွေးချယ်လျာထားတင်ပြရန် လိုကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်မည့် လုပ်ငန်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းများမထပ်စေရန် ဂရုပြုဆောင်ရွက်ကြ စေလိုကြောင်း၊ လုပ်ငန်းဆပ်ကော်မတီဝင်ဦးစီးဌာနများအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုကို ဖွံ့ဖြိုး တိုးတက်စေမည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်စီမံကိန်းဝင် ဒေသများတွင် အကောင်အထည်ဖော်ကြရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီ ဥက္ကဌများနှင့် ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပထမ ၄ လ ပါတ်ကာလအတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

(သတင်းစဉ်)