ဟားခါး ၁၃   နိုဝင်ဘာ                  

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ရုံးကွပ်ကဲမှု အောက်ရှိ ဟားခါးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

 

mdn

 

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟာလိန်းအွယ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနား တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို  ကြည့်ရှုကြသည်။

အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ (၅၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၈) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲများကို ချင်းပြည်နယ်အတွင်းရှိ  တီးတိန်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့များတွင်လည်း အသီးသီး ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ (ပြန်/ဆက်)