ရန်ကုန် ဇူလိုင် ၂၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၆)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၄၁)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၁)နှင့်  ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၂၇)  သင်တန်းများ ဆင်းပွဲကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင် လက်မှတ်များကို ပေးအပ်ပြီး အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်မည့် သင်တန်းဆင်း သင်တန်းသူများကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်၍ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

 

အဆိုပါ သင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နယ်စပ်၊ ကျေးလက်ဒေသများရှိ တိုင်းရင်းသူ အမျိုးသမီးငယ်များအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အသက်မွေးဝမ်းကျောင်း ပညာရပ် များအပြင် အလုပ်အကိုင်ရရှိရေးအတွက် အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် ယနေ့အထိ ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း ဆင်းပြီး သင်တန်းသူ ၂၉၄၁ ဦးအား အထည်ချုပ်စက်ရုံများတွင် အလုပ်ခန့်အပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်