နေပြည်တော် ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်များနှင့် သီလရှင်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဖလမ်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဝင်း နှင့် ဝန်ထမ်းများက ချင်းပြည်နယ် ဖလမ်းမြို့ တောင်တန်းသာသနာပြု ဗဟိုဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


