နေပြည်တော် မတ် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကလောမြို့နယ်၊ ကလောမြို့ ရပ်ကွက် (၈) မှ တာယော-ရွာသစ်-ညောင်ကုန်း-ရွှေမင်းဖုန်းဘုရား-အလယ်ရွာ-ဆော်တောရွာ-တောင်ပဲ့ ကျေးရွာချင်းဆက်လမ်း ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ၃၃၃ ဒဿမ ၃၅၂ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာ ၉ ရွာမှ လူဦးရေ ၄၉၇၂ ဦး တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် မြေလမ်း ၄၀ မိုင် ၆ ဖာလုံ၊ အာမခံလမ်း ၃ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၇ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်တံတား ၁၂ စင်း၊ Box Culvert ၁၅၆ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း ၄ ခု၊ ကျောက်စီရေမြောင်းလုပ်ငန်း ၃ ခု၊ မြေထိန်းနံရံလုပ်ငန်း ၁ ခု၊ အုတ်ခြံစည်းရိုးကာရံခြင်း ၁ ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း ၄ တွင်း၊ တန်ဖိုးနည်းအိမ်ရာ ၁ လုံး၊ သာသနာရေးလုပ်ငန်း ၁၇ ခုနှင့် ဦးစီးဌာနလုပ်ငန်း ၃ ခုအား စုစုပေါင်း ရန်ပုံငွေ ၁၁၂၃၆ ဒဿမ ၉၇ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်