နေပြည်တော် မတ် ၅
ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင် သတင်းဌာနများ၏ ပြည်သူစစ် မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေးအတွက် တရားဝင် သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ ဖတ်ရှုလေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ် ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေး ၃ ပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ထာဝရတည်တံ့ခိုင်မြဲစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေး တာဝန်ဖြစ်သဖြင့် အလေးအနက်ထားလိုက်နာကျင့်ကြံ နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာဖြင့် နိုင်ငံတော်က ထုတ်ပြန်ထားရှိသည့် အမိန့်နှင့် ညွှန်ကြား ချက်များ၊ ပေးအပ်ထားရှိသည့် တာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကောင်းမွန်ပြီးဖြစ်သည့် မိမိတို့ ဝန်ကြီးဌာန၏ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွား ကြရန်မှာ ကြားခဲ့ပြီး ဝန်ထမ်းများ၏ ကျန်းမာရေး၊ စားသောက် နေထိုင်မှု၊ သက်သာချောင်ချိရေးတို့အတွက် ဆောင်ရွက်ပေးနေမှု၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေး အတွက် သင်တန်းများ စေလွှတ်တက်ရောက်စေမှုနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ရှိသည်များကို မေးမြန်းဖြည့် ဆည်းဆောင် ရွက်ပေးသည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရမည့်သူများ၊ စစ်မှုထမ်းခြင်းမှရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များအကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အပေါ် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလ လုပ်ကြံသတင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြား ဆွေးနွေး မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)