နေပြည်တော် ဇန်နဝါရီ ၂၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီး က နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာရပ်များကို ပိုမိုသိရှိနားလည်တတ်ကျွမ်းရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

မိမိတို့ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး ဥပဒေနှင့် ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို ရှောင်ရှား၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက်ခိုင်မာစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

သင်တန်း၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်ဥပဒေ၊ နိုင်ငံဝန်ထမ်းနည်းဥပဒေ၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့်ဥပဒေမူကြမ်းရေးဆွဲခြင်း၊ MoU၊ MOA စာချုပ်များ စိစစ်ခြင်းနှင့် လက်မှက်ရေးထိုးခြင်း၊ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာ၊ မြေယာဥပဒေ၊ ရာဇသတ်ကြီးဆိုင်ရာ သိကောင်းစရာများ၊ နိုင်ငံ့ဝန်ထမ်းများ အခြေခံအားဖြင့် သိသင့်သိထိုက်သည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ စသည့်ဘာသာရပ်များကို ဥပဒေရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သည့် ဥပဒေအသိပညာ ပြန့်ပွားရေး ဆင့်ပွားသင်တန်းသို့ တက်ရောက်ပြီးသော အရာထမ်း၊ အမှုထမ်းများ ပေါင်းစပ်စုဖွဲ့၍ သင်တန်းသား၊ သင်တန်းသူ ၂၀ တို့ကို ရက်သတ္တပတ် နှစ်ပတ်ကြာ သင်ကြား ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်