ရန်ကုန်  ၁၃   ဇန်နဝါရီ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၄)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ်(၃၇)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၇)နှင့် လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကား သင်တန်း အမှတ်စဉ်(၁)သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။ သင်တန်းများဖွင့်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Japan Myanmar Association အတွင်းရေးမှူးနှင့် Xymax Global Partner Corporation မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

အဆိုပါသင်တန်းများအား ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းမျာကို သင်တန်းကာလအဖြစ် (၃)လနှင့် လုပ်ငန်းခွင်သုံး ဂျပန်ဘာသာစကားသင်တန်းအား သင်တန်းကာလအဖြစ် (၆)လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသနေ တိုင်းရင်းသူအမျိုးသမီးငယ်များ၏ အသက်မွေးဝမ်းကျောင်းပြုနိုင်ရေး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ဂျပန်-မြန်မာအသင်းနှင့် ပူးပေါင်း၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)