နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဋ္ဌမအကြိမ် မိတ်ဆုံစားပွဲ ကျင်းပ

 

နေပြည်တော် မတ်လ  ၃၁ 

 

နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိမှတ်ပြု သောအားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့်   ၁၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဋ္ဌမအကြိမ်မိတ် ဆုံ နေ့လယ်စာ စားပွဲကို ကျင်းပသည်။

 

အဆိုပါ မိတ်ဆုံနေ့လယ်စာ စားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်၍ ရင်းနှီးခင်မင်စွာ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)