မန္တလေး ဖေဖော်ဝါရီ ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ Church ကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ အင်အားဖြည့်အစားအစာများ၊ ဆေးဝါးများ၊ ရေသန့်များ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ ကိုးနဝင်း စာသင်ကျောင်းတိုက် ဆရာတော်ကြီးထံသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသော လှူဒါန်းငွေများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်