နေပြည်တော် ဩဂုတ် ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းသည်။

နယ်စပ်‌ရေးရာဝန်ကြီးဌာနသည်  နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့်  သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်